November 20, 2007

စိုးထိတ် ...

စိုးထိတ် …

တောင်စွယ်နေစွန်းတဲ့
အနောက်ယွန်းယွန်း
တောပန်းခင်းလမ်းကလေးပေါ်မှာ
ချစ်သူကို
လက်ချင်းယှက် ပါးချင်းအပ်
လှမ်းဆက်ချင်ခဲ့သူပါလေ …

ဒီလို တောင်စွယ်နေစွန်း
အနောက်ယွန်းယွန်း
တောင်စွန်းလေးပေါ်မှာပဲ
ချစ်သူရဲ့ဆံရိပ်ပေါ်
ရင်ချင်းထပ်
နှလုံးသားချင်အပ် မှေးစက်ချင်ခဲ့သူပါလေ…
….
သြော် …
တောင်စွယ်နဲ့ နေ၀န်းပေါင်းဖက်
အနောက်ယွန်းယွန်းမှာ မှေးစက်လို့
အရှေ့ယွန်းယွန်းဆီလှည့်မ၀င်ခင်
မိုးချုပ်စပ်ကြား ဒီညအောက်မှာ
ခနလေးလောက် နေပါရစေ...

ကျနော့်ချစ်သူ
တ၀က်တပျက်အိပ်မက်နဲ့
နိုးသွားမှာ စိုးလွန်းလို့ပါ …။

ဆောင်းလူ (၅း ၅၂ နာရီ)


November 17, 2007

ညပေါ်က လူသုံးယောက်


အပြောင်းအလဲတခု စတင်ပေါက်ဖွားခဲ့တဲ့ညပေါ့ဗျာ..။
အာရုံထိထိုင်ဖြစ်ကြတဲ့ည..။
အဲ့ညမှာ လူသုံးယောက်ပဲရှိတယ်...။
ညပေါ်က လူသုံးယောက်

တညခင်းပေါ့
လူသုံးယောက်
ထိုင်ခုံသုံးလုံးပေါ်မှာ
ဆင်စီးတယ်
ကျားစီးတယ်
ကြက်တိုက်တယ် …
အချိန်တွေက အမြည်းအဖြစ်
ရံလို့ပေါ့ …

ကိုယ်စီကိုငှ
တိမ်တွေညိုညိုအောက်က
ပြိုတော့မလို
မိုးစက်တွေနဲ့
ဆက်လမ်းအတွက်
ခပ်ကြမ်းကြမ်း
ရင်ဖွင့်ချတယ်…ရင့်ကျူးကြတယ် …

ရင်ခုန်သံ ကတုန်ကယင်နဲ့
အိမ်ပြန်ချိန်ကို အမှတ်ရတော့
ဟိုးအဝေး ကြက်တွန်သံမှာ
ကြယ်တွေ အိပ်မောကျ
လရိပ် လက်ခါပြတော့မှ
ဒီလူသုံးယောက်
စာတပုဒ်ကို
ပေါင်းစပ်ဖြစ်တယ် …
အဲဒါ …
အာသာငမ်းငမ်း ညကိုငှဲ့သောက်ခဲ့မိခြင်းပါ…

ဆောင်းလူ (4း13 ပီအမ်)
နိုဝင်ဘာ ၁၆။ 2007

(ပထမဦးဆုံးသော စုပေါင်းစပ်ပေါင်းကဗျာတပုဒ်၏အမှတ်တရ)

November 8, 2007

တောခြောက်ခြင်း

လက်ရှိဘ၀ကတော့ ဒီအတိုင်းပါပဲ ...

တောခြောက်ခြင်း

သဘာဝက
အရိုးခံနဲ့ ပဉ္စလက်ဆန်ဆန် ….
ဘ၀က
အရိုင်းခံနဲ့ ပြဇာတ်ဆန်ဆန် ….

အရင်းရှင်ဆန်ဆန်…
ဈေးဖြတ်မှုနဲ့
မွတ်သိပ်မှုကို ကုန်သွယ်တော့
အထိတ်ထိတ် အလန့်လန့်နဲ့
ခဏ … ခဏ
တွန်း … တွန်း …လွှတ်ရတယ် …

စိတ်ရဲ့
ဖြစ်ချင်တိုင်းဖြစ်ခွင့်နဲ့
လေမှာကူးခတ်
ရန်သူနဲ့ ရင်ချင်းအပ်နေတာက
ကိုယ့်အိမ်ရာလိုပဲ
သဘောထားနေကြလား မသိ ….

ကမ္ဘာ့အစီအစဉ်မှာ
ရာစုသစ် အခင်းအကျင်းက
ကစော်ပေါက်တဲ့ရာသီနဲ့
မှောင်တ၀က် လင်းတ၀က် …

မြွေလိမ် မြွေကောက်တွေနဲ့
တောင်မရှိတဲ့ တောမှာ
အရိုင်းဆန်ဆန်
ခဏ …ခဏတောခြောက်ခံရတော့
အသက်ရှုကြပ်
နှလုံးခုန် ရပ်တော့မယ် ….

ဆောင်းလူ (၁၁ . ၈ .၂၀၀၇)

အရိပ်မဲ့လမ်း

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မအားမလပ်နဲ့ ဘ၀ကိုဖြတ်သန်းနေရသည့်အချိန်တွင် ပို့စ်အသစ်များမတင်နိုင်ခဲ့ခြင်းဖြစ်သည်.
အရိပ်မဲ့လမ်း …ကိုလည်း ခံစားကြည့်ပေးပါခင်ဗျာ ...

လလည်းမရှိ
ကြည့်ပါဦး …
ည … တွားသွားနေလိုက်တာ …
ဒေါင်လိုက်သံစဉ်နဲ့ …

ကြယ်တွေတဖြုတ်ဖြုတ်နဲ့
တိမ်ခြုံလမ်းတွေမှာ
ရင်ကွဲပက်လက် ငေးငေးလေးလေး ..

ည၀တ်ရုံခြုံ
မျက်ရည်မြစ်နဲ့
ဖုံထတဲ့ ရပ်ကွက်လမ်းကလေးလည်း
ခြေနင်းကြမ်းတဲ့
ရင်ကွဲကောင်တွေငိုသံမှာ
တိတ်တိတ်ဆိတ်ဆိတ် …

ဆောင်းလူ
၁၉. ၁၀. ၀၇

September 21, 2007

ဇာတ်

ခေတ်ပြိုင် အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီးဖြစ်သော ဇာတ်။ ခံစားမျှဝေနိုင်စေရန် တင်ပြလိုက်ပါတယ် ...။ ၀ိုင်းဝန်းဝေဖန်အကြံပေးနိုင်ကြပါတယ် ...။
ဇာတ်

မျက်ရည်စနဲ့
မနေ့ကမှ
အလည်ရောက်လာတဲ့ ဧည့်သည်

ဒီမှာကလည်း
မျက်ရည်စက်လက်
ဒုက္ခတွေနဲ့
ပျော်မွေ့သူများပါတယ်။

တက်မစုံ ရွက်မစုံနဲ့
မာယာစုံတဲ့ ဒီပင်လယ်ထဲ
ခုန်ဆင်းခဲ့လေတော့
လှိုင်းဒဏ်ကို
တတ်နိုင်သမျှ မြတ်နိုးကြည့်ပေါ့

အပေးနဲ့ အယူများတဲ့ ဒီအရပ်မှာ
ပြာလွင်လွင်နဲ့ ကောင်းကင်ပြင်ကလည်း
မြင်နေတုန်းခဏ လှပါရဲ့
တနေ့လုံး ငုံထားခဲ့တဲ့
ပြုတ်ကျလုဆဲ
သစ်သီးတလုံးကို
မျိုဖို့ပြင်နေတဲ့ ဟန်ကိုက
အငမ်းမရ ...

တစိမ်းတရံတွေနဲ့
အစိမ်းဆန်နဲ့ ဒီအရပ်မှာ
အတုံ့ အလှည့်
အပြုံး အမဲ့
အဆုံး အစမဲ့
ရုန်းရင်း ကန်ရင်း ...

ဘာမဆို
အညှာလွယ် ရင့်မှည့်တဲ့အချိန်မှာ
လေညှင်းခြွေလည်း ကြွေမှာပါ ...။

ဆောင်းလူ (၁၆၊ ၈၊ ၂၀၀၇)

September 4, 2007

အိတ်ဖွင့်ပေးစာ

ကြွက်ကလေး
တကယ်လို့
ငါဟာ ကြွေလွင့်သစ်တရွက်တခုဆိုရင်
မင်းဟာ လေပြည်လေညှင်းပေါ့
မင်းသယ်ဆောင်ရာ လွင့်ရမှာပါ
မင်းသွားရာ ခရီးတလျှောက် သယ်ဆောင်သွားပေါ့…။

ကြွက်ကလေး
တကယ်လို့
ငါဟာ ပင်လယ်ပြင်လို မင်းကိုထင်ဟပ်စေခဲ့ရင်
မင်းဟာ ငါ့ရဲ့ လမင်းဖြစ်ခဲ့မှာပါ
မင်းဖြန့်ခင်းတဲ့ အလင်းရိပ်တိုင်းမှာ
ငါ့ကိုယ်ငါ တိတ်ဆိတ်စွာနဲ့ပါ…။

ကြွက်ကလေး
အကယ်၍
ငါဟာ မင်းကို ချစ်ခြင်းနဲ့စစ်ခင်းတဲ့လမ်းမှာ
တို့နှစ်ယောက်မျက်နှာခြင်းဆိုင်တွေ့ခဲ့မိရင်
မင်းပစ်တဲ့ အမုန်းစစ်စစ်နဲ့ မြှားတစင်းမှာ
ငါ ကျဆုံးမှာပါ…။

ချစ်ရပေမယ့်
တကယ်တော့
ငါဟာ မင်းနဲ့ အဝေးဆုံးမှာပါ…။

ဆောင်းလူ (၄. ၉. ၂၀၀၇)

August 30, 2007

တမ်းတမ်းတတ

ဒုက္ခရောပြွမ်း
ကြမ်းကြမ်းတမ်းတမ်း
ဤခရီးလမ်း
.....
မှန်းဆမလွယ်
တမ်းတဖွယ်ရာ
ဤဘ၀၌
......
လေမှာလွင့်သော
သစ်ရွက်ငယ်လို
လွတ်လွတ်လပ်လပ်
ပျံသန်းလိုက်ချင်ဘိ ....။

ဆောင်းလူ
(ကျနော်ပျံသန်းခဲ့ခြင်းခရီးလမ်းအဆုံးသည် .....)

လေမှာပျောက်သူ ...

နွေ
နဲ့
ပင်လယ်
ရင်ချင်းအပ်၍
ကွယ်ပျောက်ခဲ့မှ
.....
ဒီသံစဉ်အိုအို
တယောသံချိုလည်း
ဘယ်ဆီ ဘယ်သို့
ကွယ်ကာပျောက်၍
လေမှာလွင့်ပျောက်
လမ်းစဖျောက်ခဲ့ ပြီလဲ ....

ဆောင်းလူ
(...... သို့ အမှတ်တရ)

August 26, 2007

တစုံတရာ ....

ကျနော့်မှာတော့
အတောင်လေးတဖက်ရှိတယ် ..
ပျံနိုင်ဖို့ဆိုရင်
နောက်တဖက်လိုအပ်နေပါသည် ....
မကူညီချင်ဘူးလား ....

August 24, 2007

ည ...
ပိန်းပိတ်မှောင်တဲ့ အလှမှာ
လမင်း
နဲ့
ကြယ်
လက်စုံကြတဲ့ည ....

လောဘ ....
မောဟ ....
ဒေါသတွေနဲ့ ....
မျက်လုံးစိမ်းစိမ်းတွေက
ထိုးထိုးထောင်ထောင်နဲ့ပါလား ...

ဆောင်းလူ

August 23, 2007

ကျနော်နှင့် ဖန်ကွဲစများအကြောင်း .. ၁

လွန်ခဲ့တဲ့အချိန်ကတည်းကဆိုတော့ အတော်ကြာပါပြီလို့ပဲ ဆိုရမှာပေါ့..။ ကြွက်ကလေးတကောင်နဲ့ တွေ့ခဲ့တယ်။ အဖြူရောင်လေးပဲ.. ။ ချစ်စရာတော့ ကောင်းပါတယ်။ ကြွက်ဆိုရင် နည်းနည်းကြောက်တတ်တော့ ဒီအတိုင်းပဲ နေလာတာ။ မေ့မေ့ပျောက်ပျောက်ဖြစ်ပါစေတော့ သဘောထားပြီး အဲ့ကြွက်ကလေးကို မကြည့်ခဲ့ပါဘူး။ အမှန်က မကြည့်ဝံ့ခဲ့တာ…။ အဲ့ကြွက်ကလေးကို ကြောက်တယ်ဆိုပေမယ့် ကြွက်ကလေးနဲ့ မျက်နှာချင်းဆိုင်မိခဲ့ရင်ဆိုတဲ့အသိက တကိုယ်လုံး ဘာဖြစ်လို့ ဖြစ်မှန်းမသိဘူး …။ ကြွက်ကလေးကို ကြောက်တယ်ဆိုပေမယ့် မြင်ကြည့်ခဲ့ချင်တယ်။

မမြင်နိုင်တဲ့အဆုံး
အော်ပစ်လိုက်ချင်တယ်..
ကြွက်ကလေး
မင်းဘယ်မှာလည်း…
….
တွင်းထဲမှာလား…
မင်းကတော့ တွင်းအောင်းမယ်မထင်ပါဘူး …
မင်းလည်း တနေရာရာကနေ ငါ့ကိုတွေ့နေမှာပေါ့။ ဒဏ်ရာဒဏ်ချက်တွေနဲ့ ငါဘာဖြစ်နေတယ်ဆိုတာ ….

တကယ်တော့ ကြွက်ကလေးရေ …
ငါဟာ မင်းကိုက်ခဲမှုတွေမှာ နာကျင်ခဲ့တော့ ကြွက်ကလေးကိုကြောက်မိတဲ့ ကြောင်တောင်တောင် ကြောင်တ ကောင်များဖြစ်နေပြီးလား …

ရေးမိရေးရာပါ ....
ဆောင်းလူ

အိမ်ပြန်ချိန်

ကျနော်ကတော့
အိမ်ပြန်ချိန်လို့ပဲပေးထားပါတယ် ...
လူတိုင်း လူတိုင်းမှာ
အိမ်တွေနဲ့ပါ ...
....
လမသာ ကြယ်မပါ
တိမ်ရောင်စုံမှာ
မြူဝေဆိုင်းတဲ့ နေရာက
အိမ်ဆိုတဲ့ အိမ် ....
......
လေညှင်းအပြန်မှာ
ချိုမြသံနဲ့
အမှာစကား မပါးဝံ့တော့
တိတ်တဆိတ်နဲ့
အိပ်စက်နေပေါ့
ဟိုးအဝေးက
အိမ် ... ...

(ကျနော်အိမ်ပြန်ချင်သည့်စိတ်နှင့် စီးမျှောထားခြင်းဖြစ်ပါသည်..)

ကောင်းကင်ထဲက မြစ်တစင်း ...

Adobe photoshop 10.0 နဲ့စိတ်ပေါက်လို့ ဆွဲထားတာပါ ...

August 22, 2007

ဆာလောင်သူများ

ဆာလောင်သူများလို့ ကျနော် အမည်ပေးထားပါတယ်...။
မတောက်တခေါက် မှတ်ထားတဲ့
Adobe Illustrator CS နဲ့
ဖန်တီးထားတာဖြစ်ပါတယ်..
တခြား စီးမျှောမှုများ ရှိခဲ့ကြရင် မျှဝေစေလိုပါတယ် ....

လမ်းလျှောက်သူတို့အတွက် ....

လမ်းလျှောက်သူတို့အတွက်...
ကျနော်လည်း
မိမိ စိတ်ကူးစီးမျှောသလို
ဂုဏ်ပြုထားပါတယ် ....
(စိတ်ပါဝင်စားက ဂုဏ်ပြုနိုင်ပါတယ် ...)
ဆောင်းလူ

August 21, 2007

..... နေပါသည် ....

လေထဲကဆွဲထားတာပါ ...
နည်းနည်းတော့ ကလိထားလိုက်တယ်..
ဒါပေမယ့် မထိခိုက်ထားပါဘူး....
သေချာကြည့်နော် ....
ဘာတွေကွဲပြားသလဲဆိုတာ ....
အော် .... အိပ်နေတယ်လို့ ထင်လား .... သိဘူး ....
ဘာလုပ်နေမှန်းမသိလို့ ချမပြတော့ပါဘူး...

August 20, 2007

မသွားချင်ဘူးလား

ဟိုးတဖက်ကမ်းဆီသို့.....
ဒီနေရာကနေ ဖြတ်ပြီးတော့ မသွားချင်ကြဘူးလား.....။

အသုံးပြုလိုပါက ခွင့်ပြုချက်ကလေးတောင်းခံပါ။

ကျနော်နှင့် ဖန်ကွဲစများအကြောင်း...

ဒီနေ့
စိတ်ကူးပေါက်တာနဲ့ ငါးအလှကြည့်ချင်လို့ ရှာပုံတော်ခရီးဖွင့်တာ ငါးစာ အစုံအလင်နဲ့ မနက်မိုးလင်းကတည်းက ပဲ။ နေရာအနှံ့ရှာ လိုက်တော့ နောက်ဆုံး နေရာတနေရာတွေ့တယ်။ ငါးမျိုးစုံလင် ဒီနေရာတခွင်လို့တောင် ခေါင်းစဉ်တပ်ရမလိုပဲ။ ဒီငါးတွေကလည်း ကူးလိုက်ခတ်လိုက်တာမှ မမြင်ချင်မှအဆုံး။ ငါးမျိုးတော့စုံတယ်။ ငါး အကြောင်း မသိတော့လည်းခက်သား။ အဲ… တောငါးကြင်းဆိုလား .. အဲ့ဒီ သုံးကောင်လောက်ပါတယ်။ သောက်ကျိုးနဲ…ဒီကောင်တွေ အစာတွတ်တာ အမြန်ဆုံးပဲ။ တော်တော်ငတ်ကြီးကျတဲ့အကောင် တွေပဲ။ အကောင်လည်း ကြီးတာကိုး.။ ခြေထောက်မပါတဲ့ကောင်တွေ ဘယ်လိုများသွားလည်းဆိုတာ တွေးမိလေ ရေအကြောင်းသိချင် လေပဲ.။ နောက်တခုရှိသေးတယ်။ တီကောင်တို့၊ မြွေတို့ ..။ ငါးရှဥ့်လည်းပါသေးတယ်။ သူတို့လည်းမဆိုးဘူး။ ခြေထောက်မပါဘူးလေ..။ ဆွဲအားရှိ တယ်ဆိုတဲ့ ဒီကဘာကလည်း ဒီကောင်တွေကို ဆွဲမထားနိုင်တာကတော့ အံ့သြစရာပေါ့လေ…။ အားပါး… တနေကုန် အားအား ယားယားရှိတာနဲ့ ငါးအလှကြည့်လိုက်တာ … ဘာကိုမှ သတိမရကြဘူး … ။ အဲ.. တခုပဲရှိတယ်။ ဒီကောင်တွေ ပေါင်မုန့်မစားတတ်သေး ဘူ….။ နဲနဲကျင့်ရဦးမယ်……….။
(…………. သို့ အမှတ်တရ)

August 16, 2007

ကျနော်တို့အရပ်က ၀ါဆိုပန်းခူးခရီး...

ကျနော်တို့ အရပ်က ၀ါဆိုပန်းခူးခရီး

ဝါဆိုဆိုတော့ ဟိုးအရင် ကျနော်တို့ အရပ်မှာဆို ၀ါဆိုပန်းခူးထွက်ကြတယ်။ စိမ်းလန်းတဲ့လယ်ကွင်းတွေနဲ့ လတ်ဆတ်တဲ့လေညှင်း တွေကြားမှာ ကဆုန်ပေါက်ပြီးတော့ပေါ့…။ အသက်ကလေးတွေကလည်း ဆယ့်ငါး၊ ဆယ့်ခြောက်ဝန်းကျင်ဆိုတော့ အဲ့လိုသွားဖို့ဆို အကုန်လုံးက ၀ီရိယကိုယ်စီနဲ့။ ကျနော်ကိုယ်တိုင်ကလည်း အဲ့လိုခရီး သွားတာတွေ ဘာတွေကို ၀ါသနာအပါသား။ တတ်နိုင်ရင် ဘာမှမလုပ်ပဲ ရှောက်သွားချင်နေတာ။ ငယ်သေးတဲ့ အချိန်မှာ အဲ့လိုသွားခဲ့တာတွေက အခုချိန်မှာတော့ သတိရစရာ လွမ်းစရာတွေပေါ့ဗျာ။

ကျနော်နေခဲ့တဲ့အရပ်က ပဲခူးရိုးမနဲ့ကပ်နေတဲ့ တောဆန်ဆန်မြို့လေး။ ပတ်ဝန်းကျင်မှာလည်း တောင်တန်းတွေ။ လှမ်းကြည့်လိုက်တိုင်း အမြဲတမ်းမှိုင်းပြပြနဲ့ တကယ့်ကို စိတ်ကူးယဉ်စရာကောင်းတယ်။ လမ်းတွေကတော့ ခပ်ကျဉ်းကျဉ်းဆိုပေမယ့် သူ့အရပ်နဲ့ သူဇာတ်နဲ့ တော့လိုက်တယ်ပေါ့ဗျာ။

နောက်တနေ့ ၀ါဆိုပန်းခူးထွက်မယ်ဆိုတော့ ညကတည်းက သူငယ်ချင်းတွေနဲ့ စုတိုင်ပင်။ ဘယ်သူဘာယူခဲ့။ ဘယ်သူ ဘာယူလာဆိုပြီးတော့။ ထမင်းတွေ၊ ဟင်းတွေ၊ စားစရာ၊ သောက်စရာ အစုံအလင်ပေါ့ဗျာ။ တချို့ ကြိုက်တတ်သူတွေလည်း ဆောင်လာပေါ့။ ပြီး မနက်ဘယ်အချိန် ဘယ်မှာစုမယ်။ နောက်ကျတဲ့သူ ကျန်ပေါ့ဗျာ။ အဲ့ဒီခရီးကလည်း မနက်ဝေလီဝေလင်း မသဲမကွဲအချိန်မှာ သွားတာအကောင်းဆုံးဗျ။ ဒီနှစ် ဘယ်နေရာသွားမယ်။ ဘာလုပ်မယ်။ ဘာညာပေါ့။ ကောင်မလေးတွေ တချို့လည်းပါတာပေါ့ဗျာ။ ဒါပေမယ့် ကျနော်က မိန်းမတွေနဲ့ ခရီးသွားရတာ မကြိုက်ဘူးဗျ။ အားလုံးတိုင်ပင်ပြီး ကိုယ့်အိမ်ကိုပြန်ပေါ့ဗျာ။ အဲ့လို ခရီးသွားမယ်ဆိုတာသိထားရင် တကယ်ပဲဗျာ အိပ်လို့မရဘူး။ တညလုံး တောင်စဉ်းစားမြောက်စဉ်းစားနဲ့ မနက်ရောက်တာပဲ။

ဒီလို ကျနော်တို့ချာတိတ်တွေ ၀ါဆိုပန်းခူးတဲ့အချိန်ဆိုရင် ရောက်တတ်တာ တနေရာပဲရှိတယ်။ အဲ့ဒါ ကျောက်ကြီးတောင်လို့ခေါ်တဲ့အရပ်။ ကျနော်တို့နေတဲ့ နေရာကနေ ရွာကလေးတရွာကိုဖြတ်ပြီး လယ်ကွက်တွေရဲ့ခြေရင်းကနေ လှမ်းမြင်နေရတဲ့ မှိုင်းပြပြတောင်တန်းတွေဆီကိုဦးတည်လို့ ၀ါဆိုပန်းခူးခရီးစဉ်ကို စတင်ခဲ့တာပေါ့။ ရွာကအထွက်ကတည်းက လတ်ဆတ်တဲ့လေနဲ့ အားလုံးရင်မှာ အပျော်ကိုယ်စီနဲ့ တပျော်တပါးပေါ့။

စထွက်ပြီဆိုတာနဲ့ လူဘယ်နှစ်ယောက်ရှိတယ်ဆိုတာ နံပါတ်စဉ်နဲ့မှတ်ပေါ့ဗျာ။ ရှေ့ဆုံးကလူက တစ်အော်။ နောက်ကလူက နှစ်လို့ဆက်ပြီး အော်။ အဲ့လို လူမကုန်မချင်း ဆက်တိုက် ဆက်အော်ပေါ့ဗျာ။ အချိန်တိုင်းတော့ အော်မနေဘူးပေါ့။ တယောက်နဲ့တယောက် စကြ နောက်ကြပေါ့။ တချို့ကောင်တွေကလည်း ကောင်မလေးတွေနားကပ်။ တချို့ကလည်း ပါလာတဲ့ဟာလေးတွေကို သွားရင်းလာရင်း သောက်ပေါ့ဗျာ။ သွားရတဲ့လမ်းက သဘာဝတောလမ်းဆိုတော့ သဘာဝဘေးကလည်း အစုံအလင်ရှိတာပေါ့။ တချို့ဆို ရေကြောက် တယ်ဗျ။ ကျနော်ဆို မြွေကြောက်တယ်။ အဲ့လိုပေါ့ဗျာ။ လမ်းမှာ အစစအရာရာ သတိတော့ထားရတာပေါ့။ လူစုကွဲသွားတာတို့၊ လူပျောက်မှာတို့ ချောက်ထဲ ပြုတ်ကျမှတို့လည်း စိုးရတယ်။ အားလုံးကိုယ်စီကတော့ ခပ်ထွေထွေနဲ့ စိတ်ကူးယဉ်ပြီး ခရီးဆက်နေတာပေါ့ဗျာ။ ကောင်မလေး တွေကတော့ မပြောတတ်ဘူး။ တချို့ကောင်တွေကလည်း သူကြိုက်တဲ့ကောင်မလေးရှေ့ဆိုတော့ ရိုးသားသယောင်ဆောင်တာပေါ့။ ရိုးသားယောင်ဆောင်တယ်ဆိုတာ အရင်ကမရိုးသားဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ကောင်မလေးရှေ့ရောက်တော့ မခုတ်တတ် တဲ့ကြောင်ကလေးပေါ့ဗျာ။ မသောက်တတ် မစားတတ်ပေါ့။ မဟုတ်တာသိပ်မလုပ်ရဲဘူး။ တချို့လည်း တကယ်မသောက်တတ်ပါဘူး။

ခရီးစဉ်ကတော့ ပျော်စရာကောင်းတာမှာ ဘယ်ပြောကောင်းမလဲ။ ကျနော်တို့သွားမယ့်နေရာကို နေမွန်းမတည့် ခင်ရောက်အောင်သွားမှ ကောင်းမယ်မှာ…။ ဘာဖြစ်လို့လဲဆိုတော့ နေပူလာရင် လမ်းသိပ်မလျှောက်ချင်တော့ဘူး။ အရိပ်တွေ့တိုင်း ပစ်ထိုင်ပစ်တာကြီးပဲ။ ခရီးက တော်တော်တော့ဝေးသားဗျ။ မနက် ဝေလီဝေလင်းကတည်းက လျှောက်လာကြတာ နေ့ခင်း မွန်းမတည့်တတည့်အချိန်လောက်ဆို ရောက်ရော။ လမ်းမှာလည်း တက်ရတဲ့တောင်တွေကများသား။ တောင်ဘယ်နှလုံးလဲတော့ ကျနော်မမှတ်မိတော့ဘူး။ ကျောက်ကြီးတောင်မရောက်ခင် လမ်းမှာ တောင်မြင့်မြင့်တလုံးရှိတယ်။ အဲ့ဒီအပေါ်မှာ စေတီလေးတဆူရှိတယ်။ ဘယ်သူတည်ထား လဲတော့ မသိပါဘူး။ အဲ့နေရာက နောက်ပြန်လှည့်ကြည့်လိုက် တိတ်ဆိတ်နေတဲ့ ကျနော်တို့မြို့လေးကို အပေါ်စီးကနေမြင်ရတယ်။ အတော်အေးချမ်းတဲ့မြို့ပဲ။ ပတ်လည်ကတောင်တွေကလည်း အခုမှ ပိုပြီးတော့အသက်ဝင်လာတယ်ပြောရမလားပဲ။ မြို့အထက်မှာ ဆောက် ထားတဲ့ဆည်နဲ့ တမြို့လုံးကိုးကွယ်တဲ့ဘုရားကို လှမ်းမြင်ရတာ တကယ့်ကို ကြည်နူးစရာပဲ။ မြူတွေကလည်း တောင်တွေ မြင့်တက် လာလေ ပိုထူလေဆိုတော့ မြင်ကွင်းက ၀ါးသာနေတယ် တကယ့်ကိုပဲ ကြည့်ရတာ မျက်လုံးထဲမှာ အေးမြတယ်ဗျာ။

နေမွန်းမတည့်တတည့်ရောက်သွားတော့ ရွာနီးချုပ်စပ်က ရောက်လာတဲ့သူတွေလည်း အစုံပေါ့ဗျာ။ ကိုယ့်အစု ကိုယ့်အစုနဲ့။ ထမင်းထုတ် ကိုယ်စီဖွင့် စားမယ်သောက်မယ်ပေါ့။ သောက်တတ်တဲ့သူတွေကလည်း သောက်ပေါ့ဗျာ။ တချို့က ကောင်မလေးတွေနားကပ် မိတ်ဖွဲ့ပေါ့။ ဘယ်မှာနေလဲ။ ဘယ်ကျောင်းကလဲ။ ဘယ်အခန်းကလည်း ပေါ့။ အဲဒီလို ပန်းခူးထွက်လာတဲ့သူတွေအများစုက ကျောင်းသား၊ ကျောင်းသူ တွေပဲများတယ်။ အဲလို ပန်းခူးခရီးစဉ်မှာ အဆင်ပြေတဲ့သူလည်း ပြေပေါ့ဗျာ။

ကျနော်က ပန်းဆိုလည်း စိတ်ဝင်စားတယ်။ ကျောက်ခဲလှလှလေးတွေဆိုလည်း စိတ်ဝင်စားတယ်။ အဲ့တော့ ဓားတလက်နဲ့ ပန်းတွေ့ရင်ခူး။ များသောအားဖြင့် သစ်ခွပဲများပါတယ်။ ကျောက်ခဲလှလှလေးတွေ့ရင် ကောက်ပေါ့ဗျာ။ ဘာရယ်လို့တော့ မဟုတ်ဘူးပေါ့။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ဆိုတော့…..။ တောထဲတောင်ထဲမှာ စားစရာလည်း ရတယ်ဗျ။ အဓိက အသီးအနှံတွေပေါတယ်။ ငှက်ပျောသီးတို့၊ သင်္ဘောသီးတို့၊ ကြံတို့ ဘာတို့ပေါ့ဗျာ။ တချို့လည်း တို့စားလို့ရတဲ့ အဖူးအညွန့်တွေခူးပေါ့။ လာတုန်းကတော့ ၀ါဆိုပန်းခူးလို့ပဲဆိုတာပါပဲ။ ဒါပေမယ့် ဟိုရောက်တော့ လုပ်ချင်တာ အကုန်လျှောက်လုပ်တော့တာပဲ။ ထင်ရာမြင်ရာ လူငယ်ဘ၀ဆိုတော့လည်း ....

ဒီကြားထဲ မူးပြီး ရန်ဖြစ်တဲ့သူကလည်းရှိတယ်။ ဓားတွေ ဘာတွေဆို ၀ှက်ထားလိုက်ရတယ်။ မတော် အပျော်ခရီးက… ကျော်မကောင်း ကြားမကောင်းတွေဖြစ်ကုန်မှဖြင့်….။ အားလုံး ပင်ပန်းတာရော၊ မူးတာရော ပေါင်းပြီး နေ့လည်နေ့ခင်း နေပြင်းချိန်ရောက်တော့ မှောက် ကုန်ရော။ အနားယူတယ်ပဲ ဆိုပါတော့ဗျာ။ မအိပ်တဲ့သူတွေကလည်း မအိပ်ပါဘူး။ ပန်းခူးတဲ့သူတွေကလည်း ခူးနေကြတာပါပဲ။ ဘုရား ၀တ်ပြုတဲ့သူလည်း ရှိတာပေါ့ဗျာ။ အရေးထဲ မပင်မပန်း ဂီတာထမ်းလာပြီး သံစဉ်ဖွဲ့နေတဲ့သူတွေရော… အစုံပါပဲ။

အဲ.. အားလုံးအကုန် ညနေစောင်းတော့ ပြန်ကြမယ်လုပ်၊ အိပ်နေတဲ့သူလည်း နှိုး။ အပြန်ခရီးက နောက်တလမ်းကပြန်မယ်ပေါ့။ အဲ့အချိန်မှာတော့ အားလုံးခြေကုန်လမ်းပန်းကြနေကြပြီလေ။ တဖြည်းဖြည်း ကိုယ့်အစုနဲ့ကိုယ် ပြန်ကြပေါ့။ နောက်ဆုံး အဲ့မှာကျန်ခဲ့ တာတွေက ဗူးခွံ၊ ဖက်ရွက်၊ ပတ်လစတ်အစုံပဲ ပြန့်ကြဲနေတာ။

အားလုံးက အသွားကလောက် မတက်ကြွတော့ပေမယ့် အခုချိန်မှာ အိမ်ပြန်ရောက်ချင်တဲ့စိတ်ကလည်း လွှမ်းမိုးနေတော့ ခြေလှမ်းတွေ ကတော့ သွက်နေတုန်းပဲ။ လာတုန်းကလည်း ဝေလီဝေလင်းပဲ။ ပြန်ကြတော့လည်း မှောင်စပျိုးနေတဲ့အချိန်။ ခြေလှမ်းမှန်မှန်နဲ့ အိမ် အမြန်ပြန်ရောက်ရေးကိုပဲ ထက်သန်နေကြတယ်။ အိမ်ရောက်ရေမိုးချိုး စားသောက်ပြီးချိန်မှာတော့ ကျနော်တို့ရဲ့ ပန်းမပါခဲ့တဲ့ ၀ါဆိုပန်းခူး ခရီးစဉ်ကို နောက်တနေ့ ကျောင်းရောက်ရင် ဘယ်လိုပြန်ပြောပြရမလဲဆိုတာကို စဉ်းစားရင်း အိမ်ရာဝင်ခဲ့ရတာပေါ့…

အရင်တုန်းကလိုမျိုးအခုချိန်မှာ ပြန်ရမယ်ဆိုရင် ထပ်သွားချင်သေးတယ်ဗျာ။ အရင်ကလို လူငယ်စိတ်ကလေးနဲ့ လွတ်လွတ်လပ်လပ် တခေါက်လောက် ထပ်သွားချင်သေးတယ်ဗျာ …..

(ဘယ်ဆီပေါက် ဘယ်ကိုရောက်ကုန်ကြမှန်းမသိရတော့သည့် ကျနော့်သူငယ်ချင်းတသိုက်သို့ ….)
ဆောင်းလူ

မှတ်ချက်။ ။ ဒီစာစုကို စိတ်ကူးပေါက်လို့ ရေးထားချင်သာဖြစ်ပါသည်။

August 12, 2007

ကိုရီးယားဇာတ်လမ်း

Love story တွင်အကောင်းဆုံးဖြစ်သည်ဆိုသော ကိုရီးယားဇာတ်လမ်းများ
ကျနော့်ဘလော့ဂ်ဂါစားသုံးသူများအတွက် အင်တာနက်နှင့်တိုက်ရိုက်ကြည့် နိုင်သော အင်္ဂလိပ်စာတမ်းထိုး ကိုရီးယားဇာတ်လမ်းဝက်ဘ်ဆိုက်တခုကို လမ်းညွန်ချင်ပါတယ်။
အချိန်ပိုရှိသူများ http://aznv.tv/en/ ဒီမှာ သွားကြည့်နိုင်ပါသည်။
မည်သို့ကြည်ရမည်နည်းဆိုလျှင်
(၁) ပထမဦးဆုံး winamp media player တခုလိုအပ်ပါမည်။ www.winamp.com တွင် free download လုပ်နိုင်ပါသည်။
(၂) ကျနော် အထက်တွင်ပေးခဲ့ပြီဖြစ်သော ကိုရီးယားဝက်ဘ်ဆိုက်တွင် regeister လုပ်ရပါမည်။
အဲ့ဒါဆိုရင် အဆင်ပြေပါပြီ။
ကျနော် ဘာဖြစ်လို့ ယခု ၀က်ဘ်ဆိုက်ကိုညွန်းရသလဲဆိုလျှင် လောကတွင် ကောင်းတာရှိသလို။ ဆိုးတာလည်းရှိပါသည်။ မိမိဘာသာ ဆုံးဖြတ်နိုင်ကြပါစေ။
ထို့ပြင် ယခုဝက်ဘ်ဆိုက်အား သိသူရှိသလို မသိသူလည်းရှိနိုင်သောကြောင့် တင်ပြရခြင်းဖြစ်ပါသည်။

ကျနော်ကြိုက်တဲ့သီချင်းလေးပါ

Intro of wiseman
Jame Blunt
e|-6----6--5------5-----5---3---------------------------------
B|---8-------6------6---------5-------------------------------x4
G|-----7-------7------5---------5-----------------------------
D|------------------------------------------------------------
A|------------------------------------------------------------
E|------------------------------------------------------------

on 3rd time 2nd gutar plays
Gm Dm F C
e|------------6-------------5-----------------------------8--------
B|----------3-------------6--------------10-------------8----------
G|--------3-------------7-------------10--------------9-----9h10p9-
D|------5-------------7------------10--------------10--------------
A|----5-------------5------------8--------------10-----------------
E|--3-----------------------------------------8--------------------
This is played for the verse as well

Pre-Solo
Cm D# Cm D# Cm D#
e|--------------------------------------------------------------------------
B|--------------------------------------------------------------------------
G|--------------------------------------------------------------------------
D|--------------3---------------------5-3------------------3----------------
A|-3--5-5--x-x-x--3-5----3--5-5-x-x-x-----3----3--5-5-x-x-x--3-5------------
E|--------------------------------------------------------------------------
Cm
e|--------------------------------------------------------------------------
B|--------------------------------------------------------------------------
G|--------------------------------------------------------------------------
D|--------------------------------------------------------------------------
A|--------------------------------------------------------------------------
E|--4--6-7--9--11--13-14-13-------------------------------------------------

SOLO 4
Not very accurate sorry
e|------------------------------------6--4--6b------6p4---6p4---------------
B|------------------------------4--6---------------6----6----6--------------
G|--8b---5-------5-5-5---5--8-----------------------------------------------
D|---------8-8--------------------------------------------------------------
A|--------------------------------------------------------------------------
E|--------------------------------------------------------------------------

e|------------------------------11-11-11/10-10-10/8-8-8/6-6/8---------------
B|--------------------------------------------------------------------------
G|---8b---5-----5-5-5--8-5------8--8--8-/7--7--7-/5-5-5/3-3/5---------------
D|----------8-8-------------------------------------------------------------
A|--------------------------------------------------------------------------
E|--------------------------------------------------------------------------

e|--///13-13-13/-11-/-10-/-8-----13b--11------------------------------------
B|---------------------------------------13--11--13-13----------------------
G|--///10-10-10/-8--/-7--/-5------------------------------------------------
D|--------------------------------------------------------------------------
A|--------------------------------------------------------------------------
E|--------------------------------------------------------------------------

e|--------------------------------------------------------------------------
B|------------------------------------6--4----13-13---13-13~----------------
G|--8b--5-----5-5-5------8-5---10--8----------------------------------------
D|--------8-8--------8-5----------------------------------------------------
A|--------------------------------------------------------------------------
E|--------------------------------------------------------------------------

Outro
| / slide up
| \ slide down
| h hammer-on
| p pull-off
| ~ vibrato
| + harmonic
| x Mute note
ဝါသနာပါသူများ ကြိုးစားကြည့်ကြပါ။ အကျယ်ကြည့်ချင်ကြရင် http://www.ultimate-guitar.com/ မှာပါ။ သီချင်းစာသားများ၊ ကော့ဒ်များ၊ ဂီတာသင်ခန်းစာများကို လေ့လာနိုင်ပါသည်။

August 11, 2007

ဘာသာပြန်ညနေခင်း

ဘာသာပြန်ညနေခင်း

တကယ်တမ်း
အဆုံးအစမဲ့
ခရီးရှည်ကြီးမှာ
ပျံသန်းခဲ့ကြတာ အမှားလား
ဘာတခုမှ မတူညီခဲ့ကြပါဘူး
ဒါပေမယ့်
ရင်တွင်းဖြစ် ဘာသာစကားတွေနဲ့
ရာသီအလိုက်
တောဝင်တောင်တက်
အမဲလိုက်ဖူးခဲ့ကြတယ်လေ

ခံစားချက်ဆိုတာလည်း ကြမ်းလိုက်တာမှ
မက်မွှေးနဲ့ခင်းကျင်းခဲ့တဲ့
ဘိတ်သိပ်ခံ ညနေခင်းမှာ
ရင်ခုန်သံကိုယ်စီ ဘာသာပြန်ဖြစ်ကြတယ်
ကာရံမညှီနိုင်လို့
မျက်ရည်စတချို့သာ တရားခံအဖြစ်နဲ့
လွင့်စင်ကျခဲ့ရတယ်

ရုတ်တရက် မြင်လိုက်တဲ့
လင်းကနဲ ဖြတ်ကနဲ့
ကွဲကြေမှုမှာ
တချို့က ဒုက္ခကို ကုန်ကူးရင်း
တချို့က ဒုက္ခကို ခုန်ကူးရင်း
တချို့ကိုတော့
အတောင်မကျိုးသရွေ့ ပျံသန်းနေလေရော့

မက်မွှေး။ ။ ....နိုင်ငံလုပ် ဆန်ချက်အရက်အမည်။

မနက်ဖြန်အတွက် နေရာတခု

မနက်ဖြန်အတွက် နေရာတခု

သူတို့နေကြတဲ့နေရာမှာ
ရလိုမှုတခုအတွက်သာ မျက်နှာပဲရှိပြီး
လူဆိုတာကို ဖော်ဆောင်ပေးတဲ့သင်္ကေတတွေ
သူတို့နေတဲ့
ခေတနားခိုရာ အဲဒီနေရာမှာ
မေတာ၊ သစ်စာဆိုတာတွေ

သူတို့နေကြတဲ့ ပတ်ဝန်းကျင်ရဲ့
စိမ်းညှို့ညှို့ တောင်ခြေအောက်က
တောင်ယာခြောက်ကပ်ကပ်တွေ

ဝါးခုတ်သူခုတ် ချက်ပြုတ်သူပြုတ်နဲ့
တောင်ယာလုပ်သား နေ့စားဘ၀နဲ့
ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားနေရသူတွေ

ငြင်းရင်းခုန်ရင်း ဆော့ကစားရင်း
တချိန်ချိန်မှာ ဘာတွေဘယ်လိုဖြစ်မယ် မသိသေးတဲ့
ဖြူစင်မှုနဲ့ အတူရှိတဲ့သူတွေ

သူတို့နဲ့အတူရှိတဲ့ ညစဉ်ညတိုင်း
သွယ်လျဖြောင့်စင်းတဲ့ အဲ့ဒီလမ်းမပေါ်မှာ
တယောက်ကို တယောက်တွဲ
လမ်းလျှောက်ရင်းဆွံ့အနေခဲ့ကြတဲ့အဖြစ်တွေ

တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်က တောအုပ်တွေ
ငြိမ်းချမ်းအေးမြတဲ့ စမ်းချောင်းငယ်တွေရဲ့ရင်ခွင်
သာယာစွာမြည်တွန်တတ်တဲ့
ကျေးငှက်ငယ်တွေရဲ့သံစဉ်တွေကတော့
သူတို့မရှိကြတော့ပေမယ့်လည်း
ဘယ်တော့မှ ပျောက်ပျက်နိုင်မယ်မထင်ဘူး

အဲဒီနေရာမှာ သူတို့ရှိနေကြတဲ့အချိန်တိုင်း
နောက်တနေ့ရင်ဆိုင်တွေ့မယ့် အာရုဏ်ဦးဆိုတာ
အပြောင်းအလဲတခုပဲလို့ ထင်မိ။

(အပြောင်းအလဲတခုအတွက် နေရာတခုမှာရှိနေသူများသို့)


နောက်ဆုံးခရီး

နောက်ဆုံးခရီး

သွေးတစက်အတွက်
အဆိပ်ခွက်တွေအခါခါမျိုချခဲ့မှုရဲ့အစ

ဆောက်တည်ရာမရှိ
ချစ်ခြင်း မုန်းခြင်း
အားလုံးအတွက်တန်းတူ ဖန်တီးပူပန်
ဘ၀တခုရှင်သန်
လက်ညှိုးညွန်ရင် ဖြစ်ချင်တာတွေ
ဒုနဲ့ဒေး

လမင်းပျို့အံတဲ့ညမှာ
ကြယ်တွေခေါင်းကိုက်တယ်
ပျက်ခြင်းတရားကြေကွဲအော်သံကြား
တမ်းတမှု
မွတ်သိပ်မှုတွေ
စီးဆင်းစမ်းချောင်းသွားမြဲလို
ဘ၀တခုရဲ့ ဘ၀ကို ပစ်ခွာခဲ့

ငိုခြင်းနဲ့စ
သတိတရရှိလိုက်ချိန်ကြ
ရင့်ကျက်မှုနဲ့အတူ နောက်ပြန်လှည့်
နာကျင်ခြင်းနဲ့အဆုံးက
တရိပ်ရိပ်ဝေးကွာ
အားလုံး အားလုံး
လေညှင်းသယ်ဆောင်ရာ ရောက်တတ်ရာရာ။

အကောင်းဆုံး

လောကတွင်
အကောင်းဆုံးသောအရာသည်
အိပ်နေခြင်းဖြစ်သည်။

အိပ်နေခြင်းထက်ကောင်းသောအရာသည်
သေဆုံးခြင်းဖြစ်သည်။

သေခြင်းထက်ပိုကောင်းသောအရာသည်
ဘယ်တော့မှ မမွေးဖွားလာခြင်းဖြစ်သည်။


တခြား ကောင်းတာလေးတွေရှိရင်လည်း ရှယ်လိုက်ပါဗျာ။

အိုင်ဒီယာ

ကြီးကျယ်သော အောင်မြင်မှုများကို ခြေရာခံကြည့်လျှင် အိုင်ဒီယာများမှ စတင်မြစ်ဖျားခံသည်ကိုတွေ့နိုင်ပါသည်။ အဆိုပါအိုင်ဒီယာများမှာ မိုးပေါ်ကကျလာသည်မဟုတ်။ လူတွေဆီမှသာ ထွက်ပေါ်လာခြင်းဖြစ်သည်။

အိုင်ဒီယာတွင် ပထ၀ီဝင်မရှိသလို အရောင်လည်းမရှိပါ။ ရေကြည်ရာမြက်နုရာသို့ စီးမျှောတတ်သော အကျင့်လည်းရှိသည်။


ကြိုက်လို့တင်ထားတာပါ။ အခြားအိုင်ဒီယာလေးတွေရှိရင်လည်း ရံပေးနိုင်ပါတယ်။

လမ်း


လမ်း

ရေမီးအစုံ
ရေညှိအဖုံဖုံ
သတ္တ၀ါမျိုးစုံ အမှိုက်သရိုက်ပုံနဲ့
ဝင်ဒါမီယာရပ်ကွက်ပျက်လိုလမ်း

ဒီလမ်းမှာ
တဲအိုလည်းရှိရဲ့
တိုက်ပြိုလည်းရှိရဲ့
အရွယ်စုံစုံ အမျိုးစုံစုံ
ဝီ၀ီလည်ခြေရှုပ် ပျော်ပါးတဲ့လမ်း

ယုတ်စွအဆုံး
တောင်းစားသူတို့ ရွှင်မြူးတဲ့လမ်း
ဒဏ်ရာများမှာ
ပတ်ကြားအက်လာတဲ့လမ်း
တိုက်စားမှုမှာ
ရွဲ့ရွဲ့လာတဲ့လမ်း
လှိုက်စားမှုမှာ
ကျဉ်းကျဉ်းလာတဲ့လမ်း
ကကြိုးအစုံအလင်နဲ့
အသုံးတော်ခံလမ်း
အက်ကြောင်းတပုံတပင်နဲ့
ခုတုံးလုပ်ခံလမ်း

တကယ်တော့
ဒီလမ်း
သက်တမ်းအရင့်ဆုံးလမ်း


ဆောင်းလူ

သံတမန်


သံတမန်

ဘယ်လိုအတွက်ကြောင့်တော့

မ သိ ဘူး။

အိမ်မြောင်နှစ်ကောင်
ရန်ဖြစ်နေတယ်။

တိုက်ပွဲက
တကယ်ပြင်းထန်တယ်
ဝင်မဖြန်ဖြေရဲဘူး။

ဒီတော့
ပွဲကြည့်သူတယောက်လိုသာ
နေလိုက်တယ်။