February 19, 2014

Poem

နိုင်ငံတော်ပိုင် သတင်းစာ
ဆောင်းလူ 
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄


ဂေါက် 
တချက်တည်း ကျင်းဝင်တာက 
နိုင်ငံတော်ပိုင် သတင်းစာ ခေါင်းစီးပိုင်းမှာ နေရာရတယ် ...။

လူ
ထောင်ပေါင်း သေကြေတာကျ 
နာရေးကော်လံမှာတောင် နေရာမရဘူး ...။

ဒါ .. ငါတို့နေတဲ့ တိုင်းပြည်
ဂေါက်တကျင်းဝင်တာထက် ... လူထောင်ပေါင်းသေကျေခဲ့တာ 
သတင်းတပုဒ် မဖြစ်လေတော့ 
ကမ္ဘာကျော်ပြီပေါ့ ...။

သြဂတ်စ် ၉၊ ၂၀၁၃ 

Poem

ပြည်တွင်း ရုပ်ရှင်
ဆောင်းလူ
သြဂတ်စ် ၁၆၊ ၂၀၁၃


အခန်း (၁)
အေးအေးဆေးဆေး စာဖတ်နေသူကြီး
မျက်လုံးလေး တချက်စွေကြည့်ပြီး
မိန့်မိန့်ကြီး ပြုံးနေစေ ...။

အခန်း (၂)
ယုဒသန်ခန်းမတ၀ိုက်
ဆိုင်းသံ ဗုံသံ ၀က်ဝက်ညံကွဲပြီး
အရေးတော်ပုံအောက်မေ့ပွဲ ကျင်းပနေစေ ...။

Poem

ဤနိုင်ငံ
ဆောင်းလူ
ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၄


ဤနိုင်ငံ
ဘုရားမြင်
ရွှေရှိမှ ရှိခိုးချင် ...

ဤနိုင်ငံ
ပါးစပ် ဘုရား ..
လက်ကားယားမှ လူရာဝင် ..။ 

February 18, 2014

Essay

 အ ကျ င့်
ဆောင်းလူ
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄ 


စပြီး ပျက်လာလိုက်တာ ... ပြင်ဖို့တောင် မေ့နေတယ် ...။

အမှန်က မေ့တာမဟုတ် ...။ မသိချင်ယောင်ဆောင်နေခြင်းလို့သာ ယိုးစွပ်လိုလှသည်။ မှန်သည် ...မေ့ခြင်းမဟုတ်..မေ့လောက်အောင်ပင် ...ဖြစ်စရာကိစ္စလည်း မဟုတ် ...။ သို့သော် ... မေ့ချင်ယောင်ဆောင်နေခြင်းတို့သည်ပင် ပျက်စီးပျက်စီးကြောင်းတို့၏ အစဟု ယူဆလျှင်ကား ရပေလိမ့်မည်ဟု မှတ်ချက် ချရပေမည်။
+++++

Essay


တနေ့ တခြား
ဆောင်းလူ
ဖေဖော်ဝါ၇ီ ၁၈၊ ၂၀၁၄


တနေ့ တခြား ... သူ့မှာ .... ကိစ္စတွေ များများလာတယ် ....
တနေ့ တခြား ... သူ့မှာ .... သောကတွေ များများလာတယ် ...
တနေ့ တခြား ... သူ့မှာ .... ဒေါသတွေ ပွားပွားလာတယ် ....
တနေ့ တခြား ... သူ့မှာ .... လောဘတွေ ပွားပွားလာတယ် ...။

ဒီလို ..တနေ့ တခြား ... တနေ့ တခြားနဲ့ ... သီအိုရီတွေ သိက္ခာမဲ့လာတဲ့အဖြစ် ...။ ဒီတနေ့တခြားထဲမှာပဲ ..သက်ရှိတွေ သီလပျက်လာတဲ့ အဖြစ် ...။ မထူးဇာတ်ခင်းခြင်းတွေနဲ့အတူ ...တနေ့တခြားတွေ ထူထပ်လာတယ် ...။