February 25, 2014

Art timelines,

အာဏာရှင်ရဲ့ ပုံတူ
ဆောင်းလူ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄


ဒီကမ္ဘာမှာ အာဏာရှင်ကြီးလို့ လူသိများတဲ့ အဒေါ့ဖ် ဟစ်တလာရဲ့ ရေဆေးပန်းချီ ... ကိုယ်တိုင်ရေး ပုံတူတခုပါ။ ပန်းချီကားပေါ်မှာပါတဲ့ အမှတ်အသားအရတော့ ၁၉၁၀ ခုနှစ်မှာ ရေးဆွဲပြီးခဲ့ပုံရပါတယ် ...။ (ဒီပန်းချီပေါ်မှာတော့ မပါပါ)

တကယ်လို့များ ဗီယဲန်းနား အနုပညာကျောင်းကသာ သူ့ရဲ့ ကျောင်းလျှောက်လွှာကို မပယ်ချခဲ့ဘူးဆိုရင် ...။

ငြင်းပယ်ခံလိုက်ရပြီးတဲ့နောက်တော့ စစ်သားဖြစ်သွားတာပါပဲ ...။ နောက်တော့ အများသိကြတဲ့အတိုင်း ...

Essay

ထိုမြို့ကလေးကို မေ့နေခဲ့သော အပြေးသမား ....
ဆောင်းလူ
ဖေဖော်ဝါရီ ၅၊ ၂၀၁၄

 


ထိုမြို့ကလေးသည် ..ခုတော့ ...
တမာတွေ ဝေလို့ အဖူးအညွှန့်တွေတောင် ဥနေပါရော့။ ထိုမြို့ကလေးနှင့်အတူ ... ဤအချိန် တမာစိမ် ချဉ်ချဉ်ခါးခါးကို မေ့လိုက်သည့် ဖြစ်ခြင်း ..။ တမာနဲ့တွဲလို့ ကိုင်းထွက် ... မြေပုံသီး ငါးပိချက်ကို ပိုမေ့လိုက်သည့် ဖြစ်ခြင်း။ မျှင်ငါးပိစိမ်းစားခပ်၊ မိုးမျှော် ငရုတ် ရောယှက်ထားပြီး မြေအိုးနှင့်ချက်သည့် ငါးပိချက်နှင့်အတူ ထိုမြို့ကလေးကို မေ့မိလိုက်သည့် ဖြစ်ခြင်း ...။

မေ့ခြင်းတရားတို့သည် ....
ပို၍ ပို၍...
ပို၍ ပို၍နှင့်အတူ ထိုမေ့ခြင်းတရားတို့သည် ....
ထို့ထက် ပို၍ ပို၍ ....