March 9, 2014

Essay

လိပ်ပြာမသန့်တဲ့ အရပ်
ဆောင်းလူ
 မတ်လ ၉၊ ၂၀၁၄
 

လိုချင်တာမရနိုင်သည့် အခြေအနေကိစ္စတို့ကြောင့် ဆုံးဖြတ်ချက်တခုနှင့်အတူ ကိုယ့်မြေ ကိုယ့်ရေ ကိုယ်လေကို စွန့်ခွာထွက်ခဲ့သည်မှာ အ တော်ကြာခဲ့ချေပြီ ...။ ခုတော့လည်း ... အတော်ကျင်လည် ကျက်စားမိသည်နှင့်အညီ .. ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လေကို လွမ်းမိ၏။

ထိုအရပ်၏ ယခုနွေတွင် ပုရစ်ဖူးတို့ ဖူးနေပေရော့မည် ...။
ထိုအရပ်၏ ယခုနွေတွင် လေရူးတို့ မြူးနေပေရော့မည် ...။
ထိုအရပ်၏ မြင်ကွင်းတို့သည် ...
ထိုအရပ်၏ ရှုခင်းတို့သည် ....

Poem

ပြည့်တန်ဆာ
ဆောင်းလူ
မတ်လ ၉၊ ၂၀၁၄


အသုံးတော်ခံရင်း ...
မိုးလင်းတာကို မသိလိုက် မသိဘာသာ နေလိုက်ရသော အဖြစ်များ ..။

အသုံးတော်ခံရင်း ...
ကြယ်ကြွေတာမှာ မသိလိုက် ..မသိဘာသာ ဆုတောင်းမိလိုက်တဲ့ အဖြစ်များ ...။

ကဲ ခု ...
ရင်ကွဲပက်လက်
မှောင်မိုက်နေစမ်းပါစေ ...။

Poem

မြို့ပျက်
ဆောင်းလူ
မတ်လ ၉၊ ၂၀၁၄


 

 နဂိုတိုင်းထားတာမှ သမိုင်းဝင်ဦးမယ့် မြို့ ...။
......
......

လူကူးမျဉ်းကျားတွေနဲ့
စည်းကမ်းဖောက်ပြားတဲ့ မြို့ ...။

မီးနီ မီးဝါနဲ့
နောက်မီးလင်းတဲ့ မြို့ ...။

February 25, 2014

Art timelines,

အာဏာရှင်ရဲ့ ပုံတူ
ဆောင်းလူ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄


ဒီကမ္ဘာမှာ အာဏာရှင်ကြီးလို့ လူသိများတဲ့ အဒေါ့ဖ် ဟစ်တလာရဲ့ ရေဆေးပန်းချီ ... ကိုယ်တိုင်ရေး ပုံတူတခုပါ။ ပန်းချီကားပေါ်မှာပါတဲ့ အမှတ်အသားအရတော့ ၁၉၁၀ ခုနှစ်မှာ ရေးဆွဲပြီးခဲ့ပုံရပါတယ် ...။ (ဒီပန်းချီပေါ်မှာတော့ မပါပါ)

တကယ်လို့များ ဗီယဲန်းနား အနုပညာကျောင်းကသာ သူ့ရဲ့ ကျောင်းလျှောက်လွှာကို မပယ်ချခဲ့ဘူးဆိုရင် ...။

ငြင်းပယ်ခံလိုက်ရပြီးတဲ့နောက်တော့ စစ်သားဖြစ်သွားတာပါပဲ ...။ နောက်တော့ အများသိကြတဲ့အတိုင်း ...

Essay

ထိုမြို့ကလေးကို မေ့နေခဲ့သော အပြေးသမား ....
ဆောင်းလူ
ဖေဖော်ဝါရီ ၅၊ ၂၀၁၄

 


ထိုမြို့ကလေးသည် ..ခုတော့ ...
တမာတွေ ဝေလို့ အဖူးအညွှန့်တွေတောင် ဥနေပါရော့။ ထိုမြို့ကလေးနှင့်အတူ ... ဤအချိန် တမာစိမ် ချဉ်ချဉ်ခါးခါးကို မေ့လိုက်သည့် ဖြစ်ခြင်း ..။ တမာနဲ့တွဲလို့ ကိုင်းထွက် ... မြေပုံသီး ငါးပိချက်ကို ပိုမေ့လိုက်သည့် ဖြစ်ခြင်း။ မျှင်ငါးပိစိမ်းစားခပ်၊ မိုးမျှော် ငရုတ် ရောယှက်ထားပြီး မြေအိုးနှင့်ချက်သည့် ငါးပိချက်နှင့်အတူ ထိုမြို့ကလေးကို မေ့မိလိုက်သည့် ဖြစ်ခြင်း ...။

မေ့ခြင်းတရားတို့သည် ....
ပို၍ ပို၍...
ပို၍ ပို၍နှင့်အတူ ထိုမေ့ခြင်းတရားတို့သည် ....
ထို့ထက် ပို၍ ပို၍ ....

February 19, 2014

Poem

နိုင်ငံတော်ပိုင် သတင်းစာ
ဆောင်းလူ 
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄


ဂေါက် 
တချက်တည်း ကျင်းဝင်တာက 
နိုင်ငံတော်ပိုင် သတင်းစာ ခေါင်းစီးပိုင်းမှာ နေရာရတယ် ...။

လူ
ထောင်ပေါင်း သေကြေတာကျ 
နာရေးကော်လံမှာတောင် နေရာမရဘူး ...။

ဒါ .. ငါတို့နေတဲ့ တိုင်းပြည်
ဂေါက်တကျင်းဝင်တာထက် ... လူထောင်ပေါင်းသေကျေခဲ့တာ 
သတင်းတပုဒ် မဖြစ်လေတော့ 
ကမ္ဘာကျော်ပြီပေါ့ ...။

သြဂတ်စ် ၉၊ ၂၀၁၃ 

Poem

ပြည်တွင်း ရုပ်ရှင်
ဆောင်းလူ
သြဂတ်စ် ၁၆၊ ၂၀၁၃


အခန်း (၁)
အေးအေးဆေးဆေး စာဖတ်နေသူကြီး
မျက်လုံးလေး တချက်စွေကြည့်ပြီး
မိန့်မိန့်ကြီး ပြုံးနေစေ ...။

အခန်း (၂)
ယုဒသန်ခန်းမတ၀ိုက်
ဆိုင်းသံ ဗုံသံ ၀က်ဝက်ညံကွဲပြီး
အရေးတော်ပုံအောက်မေ့ပွဲ ကျင်းပနေစေ ...။

Poem

ဤနိုင်ငံ
ဆောင်းလူ
ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၄


ဤနိုင်ငံ
ဘုရားမြင်
ရွှေရှိမှ ရှိခိုးချင် ...

ဤနိုင်ငံ
ပါးစပ် ဘုရား ..
လက်ကားယားမှ လူရာဝင် ..။ 

February 18, 2014

Essay

 အ ကျ င့်
ဆောင်းလူ
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄ 


စပြီး ပျက်လာလိုက်တာ ... ပြင်ဖို့တောင် မေ့နေတယ် ...။

အမှန်က မေ့တာမဟုတ် ...။ မသိချင်ယောင်ဆောင်နေခြင်းလို့သာ ယိုးစွပ်လိုလှသည်။ မှန်သည် ...မေ့ခြင်းမဟုတ်..မေ့လောက်အောင်ပင် ...ဖြစ်စရာကိစ္စလည်း မဟုတ် ...။ သို့သော် ... မေ့ချင်ယောင်ဆောင်နေခြင်းတို့သည်ပင် ပျက်စီးပျက်စီးကြောင်းတို့၏ အစဟု ယူဆလျှင်ကား ရပေလိမ့်မည်ဟု မှတ်ချက် ချရပေမည်။
+++++

Essay


တနေ့ တခြား
ဆောင်းလူ
ဖေဖော်ဝါ၇ီ ၁၈၊ ၂၀၁၄


တနေ့ တခြား ... သူ့မှာ .... ကိစ္စတွေ များများလာတယ် ....
တနေ့ တခြား ... သူ့မှာ .... သောကတွေ များများလာတယ် ...
တနေ့ တခြား ... သူ့မှာ .... ဒေါသတွေ ပွားပွားလာတယ် ....
တနေ့ တခြား ... သူ့မှာ .... လောဘတွေ ပွားပွားလာတယ် ...။

ဒီလို ..တနေ့ တခြား ... တနေ့ တခြားနဲ့ ... သီအိုရီတွေ သိက္ခာမဲ့လာတဲ့အဖြစ် ...။ ဒီတနေ့တခြားထဲမှာပဲ ..သက်ရှိတွေ သီလပျက်လာတဲ့ အဖြစ် ...။ မထူးဇာတ်ခင်းခြင်းတွေနဲ့အတူ ...တနေ့တခြားတွေ ထူထပ်လာတယ် ...။

February 7, 2014

Essay

 စိတ်
ဆောင်းလူ
ဖေဖော်ဝါရီ ၇၊ ၂၀၁၄
+++++++ 

 
ဘယ်သူမှ ဖွင့်ဟမပြောပေမယ့် ...
လူတယောက်က ...လူတယောက်ကို ယုံကြည်ဖို့ ခက်ခဲပါတယ် ...။
ယုံကြည်ဖို့ ခက်ခဲတဲ့အထဲမှာကလည်း ထိပ်တန်းကလပ်ပါပဲ ...။
အသိညဏ်ရှိလို့ ...ယုံကြည်ရ ပိုခက်ခဲပါတယ် ...။
အသိညဏ်မဲ့လို့ .... ယုံကြည်ရ ပိုခက်ခဲလာပါတယ် ...။

January 29, 2014

Essay

စားကောင်းရုံ လုပ်ကြတဲ့ လောကကြီး
ဆောင်းလူ
ဇန်န၀ါရီ ၂၉၊ ၂၀၁၄
xxxx



ကြာပြီဗျ။ ဒီလောကထဲရောက်နေတာ ...။ အော် ..လုပ်ကြ ကိုင်ကြတာကတော့ ..စားကောင်းရုံပေါ့ဗျာ။ တန်ဆေး လွန်ဘေးတဲ့ ...။ လွန်လွန်ကျူးကျူးလည်း လုပ်ရဲဘူးလေဗျာ ... လူသောက်မြင်ကပ်မှဖြင့် ...။ လူသောက်မြင်ကပ်တာတော့ ကြောက်တယ်လို့ဆိုချင်တာလား ...။ စားကောင်းရုံ လုပ်ကြတဲ့ လောကကြီးလေဗျာ ... မေ့နေပြန်ပြီလား ...။ 

မဆိုးပါဘူးဗျာ ...။ စားကောင်း သောက်ကောင်းလောက်ဆိုတော့လည်း ဒီလောက ဒီလိုပဲပေါ့ ..။ 

ကျနော်လား ... ပြုံးတတ်တာပေါ့ဗျာ ... မိုနာလီဆာအပြုံး ပဟေဋ္ဌိထက် ရှာရက်ခက်သွားမယ် ...။ အဲ ..မလှရင်သာနေမယ် ... ပြုံးတာ တော့ဗျာ ...အောက်သွား ခပ်တုံးတုံးမှာတောင် ... ဟက်ဟက် ..ဟက်ဟက်နဲ့ ..အသံတောင်ထွက်တယ် ...။ ဟ ...မပြုံးလို့ရမလားဗျ ...။ စာကောင်းရုံလုပ်ကြတဲ့ လောကကြီးမှာလေ ...။ သွပ်သွပ် ... တော်ကြာ ကျုပ် စားမကောင်း ကြားမကောင်းဖြစ်နေဦးမယ် ...။ စားမကောင်း လို့တော့ မဖြစ်ဘူးဗျို့ ... ။ ကျုပ်သွားတွေက ခုတလော ခပ်နဲ့နဲ့ရယ် ...။ 

January 19, 2014

Landscape in Belsize Park (1912 - 1977)

Landscape in Belsize Park (1912 - 1977) 
ဇန်န၀ါရီ ၁၉၊ ၂၀၁၄


အင်္ဂလိပ်လူမျိုး John Keith Vaughan ရဲ့ Landscape in Belsize Park အမည်ရတဲ့ ပန်းချီကားတခုပါ။ အရင်ကတော့ ကြော်ငြာအေဂျင်စီတခုမှာ အလုပ်လုပ်ခဲ့တာပါ။ အဲ့ဒီအလုပ်တွေလုပ်ရင်းနဲ့ အလုပ်ရဲ့အတွေ့အကြုံတွေက သူ့ရဲ့ composition အာရုံကို ပိုမို နိုးကြွစေခဲ့တာလည်းဖြစ်ပါတယ်။ 

Landscape in Belsize Park ကိုရေးခဲ့တာကတော့ ၁၉ ၅၄ မှာဖြစ်ပါတယ်။ တက္ကနီကျူ့ကတော့ Oil on canvas အမျိုးအစားဖြစ်ပါတယ်။ 

ဆောင်းလူ - အိမ်ပြေး

အိ မ်ေ ပြး
ဆောင်းလူ
ဇန်န၀ါရီ ၁၉၊ ၂၀၁၄
xxxx



စိတ်ကူးနဲ့ မတည့်တုန်းခဏ ပြေးလာလိုက်တာ ... ကျန်ခဲ့တဲ့ သက္ကရာဇ်တွေနဲ့အတူ ... ... အခု ... ဇရာရိပ်တွေ စွန်းစွန်းထင်းထင်း ...။

ရေကြည်ရာ ... မြက်နုရာ .... ဦးတည်ရာတွေက ... အသစ် အသစ်တွေဆီ ...
စိတ်ကူးရာ ... စိတ်သန်းရာ ... ရည်ရွယ်ရာတွေက  ... လွတ်လပ်မှုတွေဆီ ...

စေလိုရာစေ စိတ်ကူးတွေနဲ့ ... ပြေးတုန်းခဏ ... ပြေးလို့ ပြေးမှန်းတောင် မသိ ..။ 

January 18, 2014

Exile Autography by Saungluu

Exile Autography by Saung Luu
ဇန်န၀ါရီ ၁၈၊ ၂၀၁၄
xxxxxxx

Art Timeline

Art Timeline Bulletion
ဇန်န၀ါရီ ၁၈၊ ၂၀၁၄



xxxxx

လုပ်ချင်နေခဲ့တာတော့ ကြာပါပြီ ...။ ကိုယ်လုပ်တဲ့အလုပ်ရဲ့ သဘောသဘာဝအရကို .. ကိုယ်လုပ်တဲ့အလုပ်ရဲ့ ၀ါသနာအရ ... မတွေ့ချင်လည်း မြင် ..မမြင်ချင်လည်း တွေ့နေရ ... ကြာတော့ ... စိတ်ကူးရှိခဲ့တယ်။ အင်္ဂလိပ်လိုကလည်း မတောက်တခေါက်တောင် မနိုင်လေတော့ ... ကိုယ်နားလည်သလောက် ကိုယ်ပိုင်အဖြစ်နဲ့ ကိုယ့်တနိုင်တပိုင် လေးမျက်နှာလောက်ပဲ လုပ်မယ် စိတ်ကူးပါတယ်။ 

ဆောင်းလူ - မြွေ၊ ပချုပ်နှင့် အလမ္ပါယ်ဆြာ

မြွေ၊ ပချုပ်နှင့် အလမ္ပါယ်ဆြာ
ဆောင်းလူ
ဇန်န၀ါရီ ၁၈၊ ၂၀၁၄



+++++

မြွေကလည်း မြွေအလျောက် ....
ပြစားခံရတာကို ကျေနပ်နေတယ် ...။

ပချုပ်ကလည်း ပချုပ်အလျောက်
မြွေခွေအိပ်နေတာကို သဘောခွေ့နေတယ် ...။

ဆောင်းလူ - ပဲယ်လ်ရယ်လယ် သီအိုရီ

ပဲယ်လ်ရယ်လယ် သီအိုရီ
ဆောင်းလူ
ဇန်န၀ါရီ ၁၈၊ ၂၀၁၄



xxxxx

ဘယ်လိုတွေးကြသည်မသိ ...။ သည်စကားတလုံး .. .. ရောက်သွားသည့် အတိုင်းအတာတခုတိုင်းဆီမှာ ... ကြားနေကြ ..သုံးနေကြ ...။ တခါတလေ လှပသလောက် ...တခါတလေများကျ ...အကျည်းတန်သယောင်ယောင် ...။ 

မြင်ပန်းလှအောင် ... ရုပ်ဝတ္တုတို့ကို တတ်နိုင်သမျှ တန်ဆာဆင် ... အကျည်းတန်သည်ပင် လှလို့ ...။
မမြင်ကွယ်ရာ ... စိတ်ဝတ္တုတို့မှာကား ....အပျော်တမ်းအဆင့်ပင် မရှိ ...။

တချို့ သည် သီအိုရီကို တန်ဆာဆင်ရသည်ကို ကြိုက်၏ ...။
စိတ်လွတ်ကိုယ်လွတ်ကား မလုပ်ရဲ ...။ မရှိသည့် သိက္ခာကိုဆယ်ကာ ... အတွေးမျာများ မပွားရဲ ....။ 
နားတွေကိုသား ကားကားထားပြီး ... ကိုယ့်လိပ်ပြာ ကိုယ်မလုံသည့်အဖြစ် ...။ 

ဆောင်းလူ - လေ

လေ
ဆောင်းလူ
ဇန်န၀ါရီ ၁၆၊ ၂၀၁၄


xxxxx

မတူညီ ခြားနားမှုတွေနဲ့အတူ ... ခံနိုင်ရည်ရှိသလောက် အားတင်းထားလိုက်ပါဦး ...။ ဒီလေကိုပဲ ..ရှုနေရတာ ...။ ဒီလေကိုပဲ ... အမော ဖောက်မတတ် ... ရှုရှိုက်နေကြရတာ ...။ 

ဟိုးအရင်ကလည်း ဟပ်ဟပ်ထိုး ရှုခဲ့တယ် ...။ 
ခုလဲ ရှုဆဲ ...။ 
နောင် ရှေ့ဆက်ပြီး လောဘဇောတိုက် ရှုရဦးမယ် ...။ 

လေတွေ ... ဖောက်ပြန်လာလိုက်တာ ...
တခါတလေ ...စိမ်းစိမ်းတွေ ...
လေတွေ ... ဖောင်းကာလိုက်တာ ....
တခါတလေ ... ပဆုံ့ကြီးတွေ ..ကားခနဲ .ကားခနဲ ..နဲ့ ...