February 18, 2014

Essay


တနေ့ တခြား
ဆောင်းလူ
ဖေဖော်ဝါ၇ီ ၁၈၊ ၂၀၁၄


တနေ့ တခြား ... သူ့မှာ .... ကိစ္စတွေ များများလာတယ် ....
တနေ့ တခြား ... သူ့မှာ .... သောကတွေ များများလာတယ် ...
တနေ့ တခြား ... သူ့မှာ .... ဒေါသတွေ ပွားပွားလာတယ် ....
တနေ့ တခြား ... သူ့မှာ .... လောဘတွေ ပွားပွားလာတယ် ...။

ဒီလို ..တနေ့ တခြား ... တနေ့ တခြားနဲ့ ... သီအိုရီတွေ သိက္ခာမဲ့လာတဲ့အဖြစ် ...။ ဒီတနေ့တခြားထဲမှာပဲ ..သက်ရှိတွေ သီလပျက်လာတဲ့ အဖြစ် ...။ မထူးဇာတ်ခင်းခြင်းတွေနဲ့အတူ ...တနေ့တခြားတွေ ထူထပ်လာတယ် ...။


ကျန်ခဲ့တဲ့ ... တနေ့ တခြားဟာ အိနြေ္ဒရှိသလောက် ... ဒီကနေ့ တနေ့ တခြားဟာ ... ပျံ့တန်တန်..နန့်တန့်တန့် ... ကလက်တက်တက် မျက်နှာပေးမှာ ... ပျော်မွေ့လာတယ် ...။

တနေ့ တခြားရဲ့ မျက်တောင်ပေါ်မှာ မျက်တောင်တုနဲ့ ...
တနေ့ တခြားရဲ့ နှုတ်ခမ်းပေါ်မှာ ..နှုတ်ခမ်းဆီ ထူလပစ်နဲ့ ...
တနေ့ တခြားရဲ့ မျက်ခမ်းတွေတလျှောက်မှာ ... ထူလပစ် လိုင်နာစတွေနဲ့ ...
တနေ့ တခြားရဲ့ မျက်နှာဟာ .. ဒစ္စကိုမီးရောင်အောက်မှာ ... ပြီတီတီ မျက်နှာပေးနဲ့ ... မြူဆွယ်နေလိုက်တာမှာ ... လျှာကို သပ်တင်လိုက်တာ အမုန်းဆုံး ...။

ဒီလိုပါပဲ ..နေသားကျနေတဲ့ ...
လင်ငယ်တွေပေါတဲ့ လမ်းတလျှောက်မှာ ... မှိုနံ့တက်နေတဲ့ ... မိတ်ကပ်အပေါစားတွေနဲ့ ... တမူထူးလာမလားလို့ ပြင်ဆင်နေတဲ့ ... တနေ့ တခြားတွေ ....။

ဒီလိုပါပဲ ... သွားမြဲသွားနေတဲ့ ...
လမ်းကြို လမ်းကြားတွေထဲမှာ မယားငယ်ရည်းစားအဖြစ်နဲ့ ချိန်းတွေ့ခံနေရတဲ့ ..တနေ့ တခြား ...။

ဒီလိုပါပဲ ... ဒီလိုနဲ့ပဲ ...
စံပယ်တွေကို ချွေ ... နှင်းဆီတွေကိုမှ ချစ်တတ်နေပြန်ပြီလေ ....။

ခုတော့လည်း ...
ခွဲစိတ် ပြုပြင်ထားတဲ့ စိတ်နဲ့ ... တနေ့ တခြားဟာ ... ပါတီနံ့သင်း ... အပျိုဘော်ဝင်စပြုလို့ ... လူရာသွင်းခံရဖို့ ကြိုးစားနေပြန်သတဲ့ ...။

No comments: