February 18, 2014

Essay

 အ ကျ င့်
ဆောင်းလူ
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄ 


စပြီး ပျက်လာလိုက်တာ ... ပြင်ဖို့တောင် မေ့နေတယ် ...။

အမှန်က မေ့တာမဟုတ် ...။ မသိချင်ယောင်ဆောင်နေခြင်းလို့သာ ယိုးစွပ်လိုလှသည်။ မှန်သည် ...မေ့ခြင်းမဟုတ်..မေ့လောက်အောင်ပင် ...ဖြစ်စရာကိစ္စလည်း မဟုတ် ...။ သို့သော် ... မေ့ချင်ယောင်ဆောင်နေခြင်းတို့သည်ပင် ပျက်စီးပျက်စီးကြောင်းတို့၏ အစဟု ယူဆလျှင်ကား ရပေလိမ့်မည်ဟု မှတ်ချက် ချရပေမည်။
+++++

ပြောမယ့်သာ ပြောသည် ...။

ခုတလော ... သောက်ကျင့်တို့သည် မကောင်း ...ကိုယ့်ခြေကိုယ့်လက် အကောင်းပကတိကြီးနှင့် ဒုက္ခိတမဟုတ်သော်ငြား သုံးပြီးသား ဇွန်း၊ ခွက်ယောက်တို့ကို ပစ်ပစ်ထားခြင်လာသည် ...။

ခုတလော သောက်ကျင့်တို့သည် မကောင်း ...
သူများနှာခေါင်းပေါက်နှင့် အသက်ရှုရမှ ကျေနပ်တတ်လာသည် ...။

ခုတလော သောက်ကျင့်တို့သည် မကောင်း ...
အုပ်စုဘောင်ဖွဲ့ပြီး ... အတင်းအဖျင်း ပြောချင်လာသည် ...။

ခုတလော သောက်ကျင့်တို့သည် မကောင်း ...
လုပ်လက်စ အလုပ်တွင် ရေသာခို အချောင်လိုက် ... နေလိုက်ရမှ ကျေနပ်တတ်လာသည်။

ခုတလော သောက်ကျင့်တို့သည် မကောင်း ...
ယူရမည့် အခွင့်အရေးတို့ကို ကျားချောင်း ချောင်းမြောင်းတတ်လာသည် ...။

ခုတလော သောက်ကျင့်တို့သည် မကောင်း ...
ထမင်းစား ၁ နာရီ၊ ဆေးလိပ်သောက် ၁ နာရီ၊ ကော်ဖီသောက် ၁ နာရီနှင့် တနေ့ ၈ နာရီအလုပ်ကို ဖြတ်ညှပ်ကပ် လုပ်လုပ်ပစ်တတ်သည်။

ခုတလော ...
ထိုတလော ...
ဤတလော ... ဤကဲ့သို့သော ကာလများတွင် ... ကျွန်ုပ်၏ မကောင်းသော သောက်ကျင့်တို့သည် တနေ့ထက် တနေ့ ပိုပိုများများလာလေ၏ ...။

လူသူလေးပါး ထူထပ်သော ဤအရပ်တွင် .. ကျွန်ုပ်၏ သောက်ကျင့်များ ...အခြားသောသူများထံသို့ ... မထင် မထင်သလို ကူးစက်သွားမည် စိုးလှသည်မှာ ... အထူး ပြောဖွယ်ရာ မရှိလေပြီ ...။


No comments: