September 4, 2007

အိတ်ဖွင့်ပေးစာ

ကြွက်ကလေး
တကယ်လို့
ငါဟာ ကြွေလွင့်သစ်တရွက်တခုဆိုရင်
မင်းဟာ လေပြည်လေညှင်းပေါ့
မင်းသယ်ဆောင်ရာ လွင့်ရမှာပါ
မင်းသွားရာ ခရီးတလျှောက် သယ်ဆောင်သွားပေါ့…။

ကြွက်ကလေး
တကယ်လို့
ငါဟာ ပင်လယ်ပြင်လို မင်းကိုထင်ဟပ်စေခဲ့ရင်
မင်းဟာ ငါ့ရဲ့ လမင်းဖြစ်ခဲ့မှာပါ
မင်းဖြန့်ခင်းတဲ့ အလင်းရိပ်တိုင်းမှာ
ငါ့ကိုယ်ငါ တိတ်ဆိတ်စွာနဲ့ပါ…။

ကြွက်ကလေး
အကယ်၍
ငါဟာ မင်းကို ချစ်ခြင်းနဲ့စစ်ခင်းတဲ့လမ်းမှာ
တို့နှစ်ယောက်မျက်နှာခြင်းဆိုင်တွေ့ခဲ့မိရင်
မင်းပစ်တဲ့ အမုန်းစစ်စစ်နဲ့ မြှားတစင်းမှာ
ငါ ကျဆုံးမှာပါ…။

ချစ်ရပေမယ့်
တကယ်တော့
ငါဟာ မင်းနဲ့ အဝေးဆုံးမှာပါ…။

ဆောင်းလူ (၄. ၉. ၂၀၀၇)