March 9, 2014

Poem

ပြည့်တန်ဆာ
ဆောင်းလူ
မတ်လ ၉၊ ၂၀၁၄


အသုံးတော်ခံရင်း ...
မိုးလင်းတာကို မသိလိုက် မသိဘာသာ နေလိုက်ရသော အဖြစ်များ ..။

အသုံးတော်ခံရင်း ...
ကြယ်ကြွေတာမှာ မသိလိုက် ..မသိဘာသာ ဆုတောင်းမိလိုက်တဲ့ အဖြစ်များ ...။

ကဲ ခု ...
ရင်ကွဲပက်လက်
မှောင်မိုက်နေစမ်းပါစေ ...။

အိနြေ္ဒကြီးတခွဲသားနဲ့မှာမှ
မဟားနယား
ရောင်းစားခံလိုက်ရတဲ့ အဖြစ် ...။

ခု ..
အဲ့ကြာကူလီတွေကြောင့်
ငါ့ချုပ်ရိုးကြီး
တောင်နဲ့ မြောက်မှာ ထင်းလို့ ...။
 
မတ်လ ၁၊ ၂၀၁၄

No comments: