February 25, 2014

Art timelines,

အာဏာရှင်ရဲ့ ပုံတူ
ဆောင်းလူ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄


ဒီကမ္ဘာမှာ အာဏာရှင်ကြီးလို့ လူသိများတဲ့ အဒေါ့ဖ် ဟစ်တလာရဲ့ ရေဆေးပန်းချီ ... ကိုယ်တိုင်ရေး ပုံတူတခုပါ။ ပန်းချီကားပေါ်မှာပါတဲ့ အမှတ်အသားအရတော့ ၁၉၁၀ ခုနှစ်မှာ ရေးဆွဲပြီးခဲ့ပုံရပါတယ် ...။ (ဒီပန်းချီပေါ်မှာတော့ မပါပါ)

တကယ်လို့များ ဗီယဲန်းနား အနုပညာကျောင်းကသာ သူ့ရဲ့ ကျောင်းလျှောက်လွှာကို မပယ်ချခဲ့ဘူးဆိုရင် ...။

ငြင်းပယ်ခံလိုက်ရပြီးတဲ့နောက်တော့ စစ်သားဖြစ်သွားတာပါပဲ ...။ နောက်တော့ အများသိကြတဲ့အတိုင်း ...


ပန်းချီဆွဲတာမှာတောင် .. ပန်းတွေ (အထူးသဖြင့်တော့ နှင်းဆီတွေ)၊ လွမ်းဆွေးဆွေး ရှုမျှော်ခင်းတွေကို ဆွဲရတာမှာ ၀ါသနာထုံတယ် ဆိုပါတယ် ..။ ဒါ့ကြောင့်လည်း သူ့ကိုယ်တိုင်ရေး ပုံတူဟာ ပန်းချီမှာမြင်တဲ့အတိုင်းပါပဲ ...။

ဒီပန်းချီကားကိုလည်း ၁၉၄၅ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အပြီးမှာ ...အင်္ဂလိပ်စစ်သားတယောက်က ဂျာမန်ပြည်ကြီးထဲမှာ တွေ့ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ပန်းချီကားရဲ့ ထောင့်နားမှာတော့ A Hitler ၁၉၁၀ လို့ ရေးထိုးထားပါတယ် ...။

ကမ္ဘာကြီးပေါ်မှာ ထူးချွန်ပြောင်မြောက်တဲ့ အနုပညာသမားတွေ အများအပြားရှိကြပါတယ် ..။ ငယ်ရွယ်စဉ်ဘ၀မှာ ပန်းချီဆရာတယောက်ဖြစ်ခဲ့တဲ့ အဒေါ့ဖ် ဟစ်တလာကလည်း အဲ့ဒီအထဲက တယောက်ပါပဲ ..။

အာဏာရှင်တွေမဖြစ်မီ သူတို့ရဲ့ နောက်ကွယ်က သမိုင်းတွေက စိတ်ဝင်စားဖို့ကောင်းပါတယ် ...။ အထူးသဖြင့်တော့ ... အနုပညာဘက်မှာ ခုံမင်ခဲ့ဖူးတဲ့သူတွေရဲ့ သမိုင်းဟာ ပိုစိတ်ဝင်စားဖို့ကောင်းပါတယ် ...။

ဘယ်အရာတွေက သူတို့ကို အာဏာရှင်ဖြစ်စေအောင် စေ့ဆော်တိုက်တွန်းခဲ့ပါသလဲ ...။ ထိုစေ့ဆော်တိုက်တွင်းခဲ့တဲ့အထဲမှာ အနုပညာကရော ..တစိတ်တပိုင်းအဖြစ် ပါနိုင်ပါသလား ...။

ဘာပဲပြောပြော အာဏာရှင်လို့ပဲ လူသိများခဲ့တဲ့ အဒေါ့ဖ် ဟစ်တလာမှာ နူးညံ့သိမ်မွေ့တဲ့ နှလုံးသားတစုံ ပိုင်ဆိုင်ခဲ့ဖူးမယ်ဆိုတာ ယုံကြည်ပါတယ်။

No comments: