January 18, 2014
Art Timeline
Art Timeline Bulletion
ဇန်န၀ါရီ ၁၈၊ ၂၀၁၄
xxxxx
လုပ်ချင်နေခဲ့တာတော့ ကြာပါပြီ ...။ ကိုယ်လုပ်တဲ့အလုပ်ရဲ့ သဘောသဘာဝအရကို .. ကိုယ်လုပ်တဲ့အလုပ်ရဲ့ ၀ါသနာအရ ... မတွေ့ချင်လည်း မြင် ..မမြင်ချင်လည်း တွေ့နေရ ... ကြာတော့ ... စိတ်ကူးရှိခဲ့တယ်။ အင်္ဂလိပ်လိုကလည်း မတောက်တခေါက်တောင် မနိုင်လေတော့ ... ကိုယ်နားလည်သလောက် ကိုယ်ပိုင်အဖြစ်နဲ့ ကိုယ့်တနိုင်တပိုင် လေးမျက်နှာလောက်ပဲ လုပ်မယ် စိတ်ကူးပါတယ်။
ဆောင်းလူ - ပဲယ်လ်ရယ်လယ် သီအိုရီ
ပဲယ်လ်ရယ်လယ် သီအိုရီ
ဆောင်းလူ
ဇန်န၀ါရီ ၁၈၊ ၂၀၁၄
xxxxx
ဘယ်လိုတွေးကြသည်မသိ ...။ သည်စကားတလုံး .. .. ရောက်သွားသည့် အတိုင်းအတာတခုတိုင်းဆီမှာ ... ကြားနေကြ ..သုံးနေကြ ...။ တခါတလေ လှပသလောက် ...တခါတလေများကျ ...အကျည်းတန်သယောင်ယောင် ...။
မြင်ပန်းလှအောင် ... ရုပ်ဝတ္တုတို့ကို တတ်နိုင်သမျှ တန်ဆာဆင် ... အကျည်းတန်သည်ပင် လှလို့ ...။
မမြင်ကွယ်ရာ ... စိတ်ဝတ္တုတို့မှာကား ....အပျော်တမ်းအဆင့်ပင် မရှိ ...။
တချို့ သည် သီအိုရီကို တန်ဆာဆင်ရသည်ကို ကြိုက်၏ ...။
စိတ်လွတ်ကိုယ်လွတ်ကား မလုပ်ရဲ ...။ မရှိသည့် သိက္ခာကိုဆယ်ကာ ... အတွေးမျာများ မပွားရဲ ....။
နားတွေကိုသား ကားကားထားပြီး ... ကိုယ့်လိပ်ပြာ ကိုယ်မလုံသည့်အဖြစ် ...။
ဆောင်းလူ - လေ
လေ
ဆောင်းလူ
ဇန်န၀ါရီ ၁၆၊ ၂၀၁၄
xxxxx
မတူညီ ခြားနားမှုတွေနဲ့အတူ ... ခံနိုင်ရည်ရှိသလောက် အားတင်းထားလိုက်ပါဦး ...။ ဒီလေကိုပဲ ..ရှုနေရတာ ...။ ဒီလေကိုပဲ ... အမော ဖောက်မတတ် ... ရှုရှိုက်နေကြရတာ ...။
ဟိုးအရင်ကလည်း ဟပ်ဟပ်ထိုး ရှုခဲ့တယ် ...။
ခုလဲ ရှုဆဲ ...။
နောင် ရှေ့ဆက်ပြီး လောဘဇောတိုက် ရှုရဦးမယ် ...။
လေတွေ ... ဖောက်ပြန်လာလိုက်တာ ...
တခါတလေ ...စိမ်းစိမ်းတွေ ...
လေတွေ ... ဖောင်းကာလိုက်တာ ....
တခါတလေ ... ပဆုံ့ကြီးတွေ ..ကားခနဲ .ကားခနဲ ..နဲ့ ...
Subscribe to:
Posts (Atom)