November 8, 2007

အရိပ်မဲ့လမ်း

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မအားမလပ်နဲ့ ဘ၀ကိုဖြတ်သန်းနေရသည့်အချိန်တွင် ပို့စ်အသစ်များမတင်နိုင်ခဲ့ခြင်းဖြစ်သည်.
အရိပ်မဲ့လမ်း …ကိုလည်း ခံစားကြည့်ပေးပါခင်ဗျာ ...

လလည်းမရှိ
ကြည့်ပါဦး …
ည … တွားသွားနေလိုက်တာ …
ဒေါင်လိုက်သံစဉ်နဲ့ …

ကြယ်တွေတဖြုတ်ဖြုတ်နဲ့
တိမ်ခြုံလမ်းတွေမှာ
ရင်ကွဲပက်လက် ငေးငေးလေးလေး ..

ည၀တ်ရုံခြုံ
မျက်ရည်မြစ်နဲ့
ဖုံထတဲ့ ရပ်ကွက်လမ်းကလေးလည်း
ခြေနင်းကြမ်းတဲ့
ရင်ကွဲကောင်တွေငိုသံမှာ
တိတ်တိတ်ဆိတ်ဆိတ် …

ဆောင်းလူ
၁၉. ၁၀. ၀၇

No comments: