August 11, 2007

မနက်ဖြန်အတွက် နေရာတခု

မနက်ဖြန်အတွက် နေရာတခု

သူတို့နေကြတဲ့နေရာမှာ
ရလိုမှုတခုအတွက်သာ မျက်နှာပဲရှိပြီး
လူဆိုတာကို ဖော်ဆောင်ပေးတဲ့သင်္ကေတတွေ
သူတို့နေတဲ့
ခေတနားခိုရာ အဲဒီနေရာမှာ
မေတာ၊ သစ်စာဆိုတာတွေ

သူတို့နေကြတဲ့ ပတ်ဝန်းကျင်ရဲ့
စိမ်းညှို့ညှို့ တောင်ခြေအောက်က
တောင်ယာခြောက်ကပ်ကပ်တွေ

ဝါးခုတ်သူခုတ် ချက်ပြုတ်သူပြုတ်နဲ့
တောင်ယာလုပ်သား နေ့စားဘ၀နဲ့
ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားနေရသူတွေ

ငြင်းရင်းခုန်ရင်း ဆော့ကစားရင်း
တချိန်ချိန်မှာ ဘာတွေဘယ်လိုဖြစ်မယ် မသိသေးတဲ့
ဖြူစင်မှုနဲ့ အတူရှိတဲ့သူတွေ

သူတို့နဲ့အတူရှိတဲ့ ညစဉ်ညတိုင်း
သွယ်လျဖြောင့်စင်းတဲ့ အဲ့ဒီလမ်းမပေါ်မှာ
တယောက်ကို တယောက်တွဲ
လမ်းလျှောက်ရင်းဆွံ့အနေခဲ့ကြတဲ့အဖြစ်တွေ

တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်က တောအုပ်တွေ
ငြိမ်းချမ်းအေးမြတဲ့ စမ်းချောင်းငယ်တွေရဲ့ရင်ခွင်
သာယာစွာမြည်တွန်တတ်တဲ့
ကျေးငှက်ငယ်တွေရဲ့သံစဉ်တွေကတော့
သူတို့မရှိကြတော့ပေမယ့်လည်း
ဘယ်တော့မှ ပျောက်ပျက်နိုင်မယ်မထင်ဘူး

အဲဒီနေရာမှာ သူတို့ရှိနေကြတဲ့အချိန်တိုင်း
နောက်တနေ့ရင်ဆိုင်တွေ့မယ့် အာရုဏ်ဦးဆိုတာ
အပြောင်းအလဲတခုပဲလို့ ထင်မိ။

(အပြောင်းအလဲတခုအတွက် နေရာတခုမှာရှိနေသူများသို့)


No comments: