February 7, 2014

Essay

 စိတ်
ဆောင်းလူ
ဖေဖော်ဝါရီ ၇၊ ၂၀၁၄
+++++++ 

 
ဘယ်သူမှ ဖွင့်ဟမပြောပေမယ့် ...
လူတယောက်က ...လူတယောက်ကို ယုံကြည်ဖို့ ခက်ခဲပါတယ် ...။
ယုံကြည်ဖို့ ခက်ခဲတဲ့အထဲမှာကလည်း ထိပ်တန်းကလပ်ပါပဲ ...။
အသိညဏ်ရှိလို့ ...ယုံကြည်ရ ပိုခက်ခဲပါတယ် ...။
အသိညဏ်မဲ့လို့ .... ယုံကြည်ရ ပိုခက်ခဲလာပါတယ် ...။


ဟန်ဆောင်မှုမျက်နှာဖုံးတွေ ကိုယ်စီကိုယ်ငှ တပ်ထားတဲ့ မြို့ထဲမှာမှ ... အယုံအကြည်မဲ့ လမ်းလျှောက်နေမိတာပါ။ နှုတ်တိုက်ချနေတဲ့ ယုံ ကြည်ခြင်း ... ယုံကြည်ခြင်း ...ဒီ ..ယုံကြည်ခြင်း ....

ရှာဖွေနေတဲ့ ယုံကြည်ခြင်းဟာ ...မြို့ပြညရဲ့ ... လမ်းစွန် လမ်းထောင့်မှာ မီးပွိုင့်နဲ့စကားပြောနေတာ တွေ့ခဲ့တယ် ...။

မျဉ်းဝါတွေ ...
မျဉ်းနီတွေ ....
ပေါင်းလိုက်သမျှမှာ .... အကုန် ...ကြားကုန်တော့မှပဲ ...

ဝါ ...နီ ..စိမ်း ...တွေလည်း ...ဖြိုးကနဲ ..ဖြတ်ကနဲ ... ဖြတ်လမ်းဆီ လိုက်နေကြတယ် ...။

မနေ့က ပြုံးပြသွားတာလည်း ... သူတို့ ..
ဒီနေ့ ..မဲ့ပြသွားတာလည်း သူတို့ ...

လမ်းတလျှောက်မှာ ... မြစ်ကြောင်းတကြောင်း စီးဆင်းနေတယ် ...
ချောင်းပေါက်မတတ် ...မြောင်းပေါက်မတတ် ....
ဒါပေမယ့် ....

သိမ့်သိမ့် ...
ငြိမ့်ငြိမ့် ....

တွေ့ဖူးသလား ...ခဏ ခဏ မမေးစမ်းပါနဲ့ဗျာ ...
ခင်ဗျားစိတ်တိုင်းကျ ထွက်ကျလာတဲ့ စိတ်အတိုင်းဆိုရင် ...
ခက်ပြီ ...
မယုံ မရှိပါနဲ့ ......
တွေ့တိုင်း ပြုံးမပြတတ်တဲ့ ကျနော့်မှာ .. မိတ်ဆွေရှားပါတယ် ....

No comments: