သွေးတစက်အတွက်
အဆိပ်ခွက်တွေအခါခါမျိုချခဲ့မှုရဲ့အစ
ဆောက်တည်ရာမရှိ
ချစ်ခြင်း မုန်းခြင်း
အားလုံးအတွက်တန်းတူ ဖန်တီးပူပန်
ဘ၀တခုရှင်သန်
လက်ညှိုးညွန်ရင် ဖြစ်ချင်တာတွေ
ဒုနဲ့ဒေး
လမင်းပျို့အံတဲ့ညမှာ
ကြယ်တွေခေါင်းကိုက်တယ်
ပျက်ခြင်းတရားကြေကွဲအော်သံကြား
တမ်းတမှု
မွတ်သိပ်မှုတွေ
စီးဆင်းစမ်းချောင်းသွားမြဲလို
ဘ၀တခုရဲ့ ဘ၀ကို ပစ်ခွာခဲ့
ငိုခြင်းနဲ့စ
သတိတရရှိလိုက်ချိန်ကြ
ရင့်ကျက်မှုနဲ့အတူ နောက်ပြန်လှည့်
နာကျင်ခြင်းနဲ့အဆုံးက
တရိပ်ရိပ်ဝေးကွာ
အားလုံး အားလုံး
လေညှင်းသယ်ဆောင်ရာ ရောက်တတ်ရာရာ။
No comments:
Post a Comment